မကွေးတိုင်းလွှတ်တော်တွင် တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတို့ ကတိသစ္စာပြု
မကွေး၊ ဧပြီ ၄ ။ ။ ယနေ့ကျင်းပသည့် မကွေးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး နဝမနေ့တွင် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးနိုင်ဦးနှင့် ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးလှထွန်းတို့ ကတိသစ္စာပြု သည်။
မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်မှ အဆိုပြုလာသည့်
လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်
ဗိုလ်မှူးကြီး နိုင်ဦးအား ကန့်ကွက် ဆွေးနွေးလိုသည့် လွှတ်တော်
ကိုယ်စားလှယ်များ မရှိသည့်အတွက် လွှတ်တော်၏ သဘောတူညီချက် ရယူကာ လွှတ်တော်က
သဘောတူ အတည်ပြုကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၏ အတည်ပြုချက်အရ
သိရှိရသည်၊
ယင်းပုဂ္ဂိုလ်၏ အမည်စာရင်းနှင့် စပ်လျဉ်း၍ ၂၀၁၃ ခုနှစ်
မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၃ အရ
လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ချက်ကို မကွေးတိုင်း ဒေသကြီး
ဝန်ကြီးချုပ်ထံ ပေးပို့သွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
ယင်းအပြင် ချင်းတိုင်းရင်း သားလူမျိုး မဲဆန္ဒနယ်မှ
လွှတ်တော်ကိုယ် စားလှယ် ဦးလှထွန်းအား ချင်း
တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးအဖြစ် ဆောင်ရွက်ရန် အဆိုပြုတင်ပြခြင်းကို
လွှတ်တော်တွင် မှတ်တမ်း တင်ထားရှိ မည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက
ကြေညာခဲ့သိရှိရသည်။
http://www.mizzimaburmese.com/article/13119

0 Comments