ပြည်ထောင် စု မြန်မာ နိုင်ငံအ တွင်း မှီတင်းနေထိုင်ကြ ကုန်သောတိုင်း ရင်းသား လူမျိုးအားလုံး သည်မွန်ဂို မျိုးနွယ်ဝင် လူမျိုးကြီး(၃)စုမှ ဆင်းသက်ပေါက် ဖွားလာခဲ့သည် ဟုယူဆရပါသည်။ ယင်းတို့အ နက်ပထမ အုပ်စုမှာ-“မွန်ခ မာ” ဖြစ်ပြီး ဝ၊ ပလောင်၊ မွန်၊ ပဒေါင်း ၊မြောင်လူမျိုးများ အဖြစ်ဆင်း သက်လာ သည်ဟု ယူဆရ ပါ သည်။

ဒုတိယအုပ်စု အနေဖြင့် “တိဗက် -မြန်မာ”(Tibeto-Burman)အုပ်စုဖြစ်ပြီး ကချင်၊ ချင်း၊မြန် မာနှင့် ရှေးမြန် မာ အနွယ် ဝင်များ ပါဝင် နိုင်ပါသည်။ တတိယ အုပ်စု အနေဖြင့်“ ထိုင်း တရုတ်”အုပ်စုဖြစ် ပြီးရှမ်းနှင့် ကရင်လူမျိုးများဖြစ် သည်ဟု ယူဆရပါ သည်။ မြန်မာနိုင်ငံအ တွင်း သို့ဝင် ရောက် လာသူများဖြစ် သည်ဟု ယူဆရသော လူမျိုး အုပ်စု(၃)စုအနက်၊ တိ ဗက်-မြန်မာအုပ်စုမှာ လက်ရှိမြန်မာနိုင်ငံမြေပုံ၏ အရှေ့ဘက်လမ်း၊ အနောက် ဘက်လမ်း၊လမ်း(၂) လမ်းဖြင့် ဝင်ရောက်လာဟန်ရှိခဲ့သည်။

အရှေ့ဘက်လမ်းမှ ဝင်ရောက်လာသူ တို့မှာမဲခေါင်မြစ်ကြောင်း၊သံလွှင်မြစ်ကြောင်းတို့ဖြင့်ဝင် ရောက် လာခဲ့ကြ ပြီးမြန်မာနိုင်ငံအတွင်းသို့ရောက်သောအခါပျူ၊ကမ်းယံ၊သက်ဟူ၍ ကွဲပြားခဲ့ခြင်းဖြစ်သည်ဟု ယူဆရ သည်။ ထိုအထဲမှ-“သက်”မှာ ယခုချင်းလူမျိုးများဖြစ် သည်ဟုယူဆကြသည်။
ပုဂံခေတ်ရှေးဟောင်းကျောက် စာများတွင် အနောက် ဖက်ဒေသတောင် များပေါ်တွင်နေထိုင် သူတို့ကို “ချင်း”ဟုရေးထိုးကြ ကြောင်း သိရသည်။ ထိုချင်းလူမျိုးများကိုမြန်မာနိုင်ငံ အလယ်ပိုင်း မင်းဘူးခရိုင်၊သ ရက်ခ ရိုင် ၊ပြည်ခရိုင်၊ ပျဉ်းမနားခရိုင်၊ ရခိုင်ရိုးမတောင်ဖက်နှင့် အလယ်ပိုင်း တစ်လျှောက်၊ ပဲခူးရိုးမ တောင် စွယ်များ တို့ တွင် လည်းတွေ့ရပါသည်။

တိဗက်-မြန်မာ အုပ်စုဝင် ဘာသာ စကားကို ပြော ဆိုသော လူမျိုး အချို့တို့ က -မြန် မာနိုင် ငံအ တွင်းသို့ အရှေ့ မြောက် ဖက်ပိုင်း မှဝင်ရောက်ပြောင်း ရွေ့ လာသောချင်း လူမျိုး တို့ သည် နောက် ဝင် လာသူတို့ အားနေ ရာ ဖယ် ပေးခြင်းဖြင့် မြန် မာနိုင်ငံ အနောက် ဖက်ပိုင်း ရိုးမ တောင် တန်းများနှင့် ပင်လယ် ကမ်းခြေများ တွင်ပြောင်းရွေ့ပြီး အခြေစိုက်နေ ထိုင်ခဲ့ ဟန်ရှိ သည်ဟု ဆိုကြသူများ လည်းရှိပါသည်။

လွန်ခဲ့သောနှစ်ပေါင်း များစွာကပင်ချင်းလူမျိုးအ များအပြားသည် ဧရာဝတီ အရှေ့ဖက်မြစ် ဝှမ်းရှိ မြေပြန့်ဒေ သများ၊ ရခိုင်ပြည် နယ်ဒေသ များသို့ပျံ့နှံ့နေ ထိုင် လာ ကြသည် မှာ ဖြစ်တန်ရာ၏။ ထို့အပြင် ချင်း လူမျိုးတို့ ၏ မူလဇစ်မြစ်မှာဇို၊ ယော၊ ယို၊ ရှိုအမျိုး အနွယ် ဆက် များဖြစ်သည်ဟု လည်း ပြောကြ ပါသေး သည်။

ဇို ၊ယော၊ ယို၊ ရှို စသောခေါ် အဝေါ်များ သည် အာသံနယ် အထိဆက် စပ်နေသော လူမျိုးတို့ ၏ အ မည် များဖြစ်သည်ဟု ရှေးသုတေ သီတို့ ကဖေါ်ပြ ကြသည်။ ချင်းလူမျိုးတို့ တွင် မြောက်ပိုင်းချင်းနှင့် တောင်ပိုင်း ချင်းဟူ၍အကြမ်းအားဖြင့် (၂)မျိုးတွေ့ရသည်။ တောင်ပိုင်း ချင်းထဲတွင်- ပခုက္ကူတောင် တန်းဒေ သနေချင်း များ၊ မင်းဘူး၊ သရက်၊ ပြည်ခရိုင်နှင့် ရခိုင် တိုင်းနေ ချင်းများပါဝင်ကြပါ သည်။


မြန်မာနိုင် ငံတောင်ဖက် အကျဆုံး ချင်းတို့ဆိုသည် မှာ-“ရှို” သို့မဟုတ်“အရှို”(မြေပြန့်ချင်း၊ တောင် ပိုင်းချင်း)ဖြစ် ကြပါ သည်။ ထို့ကြောင့် ချင်း လူမျိုးတို့သည် တိဗက်-မြန်မာအနွယ်ဝင်များဖြစ်ပြီး၊ အခြားတိ ဗက်-မြန်မာအနွယ် ဝင်များနှင့် အတူ အာရှအလယ်ပိုင်းမှမြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လားခဲ့သောသူ များဖြစ်နိုင် သည်။ အေဒီ-၉၀၀ မတိုင် ခင်ကမြန်မာနိုင် ငံအတွင်းသို့ ဝင်ရောက်လာ ခဲ့သော တိဗက် -မြန်မာ အနွယ်ဝင် “သက်”တို့ သည် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအနှံ့ အပြား၌အခြေ စိုက်နေထိုင် ခဲ့ကြခြင်းဖြစ် သည်။
အထူး သဖြင့်မြန် မာနိုင်ငံ အလယ်ပိုင်း နှင့်ရခိုင် တိုင်းတို့ တွင်ဖြစ်သည်။ ဤ သို့နေ ရာ ဒေ သအနှံ့ လှည့်လည် နေထိုင်လာခဲ့ကြသောကြောင့် နေရာဒေသကိုလိုက်၍ အမည် နာမများလည်း အမျိုးမျိုး ကွဲပြား ဟန်ရှိပေသည်။


၁၉-ရာစု အစော ပိုင်းကာ လတွင် အမေ ရိ ကန်နှစ်ခြင်း သာသနာပြု(ABM) များ ရောက် လာချိန်တွင် “အရှို” လူမျိုး တို့အား “ခရင်း (KYENS)ဟူ၍ လည်း ကောင်းခေါ်ကြ ကြောင်း လည်း သိရပါ သည်။ မြန် မာနိုင်ငံအ လယ် ပိုင်းဒေသ တို့ ၌နေထိုင် သူတို့အား“အရှို” ဟူ၍ လည်းကောင်း ၊မြန် မာနိုင်ငံ ၏ အ နောက် ဖက် ပိုင်းတွင်နေ ထိုင်သောချင်း တို့အား“ခမွီး”ဟူ၍ခေါ်ဝေါ်ကြကြောင်းတွေ့ရှိရပါသည်။

မည်သို့ပင်ဖြစ်စေ ကာမူ -မြေပြန့်ချင်း များ အကြား အုပ်စု အမည်နာမ အမျိုးမျိုး ကွဲပြားနေကြ သော် လည်း ပြော ဆိုကြသော ဘုံဘာ သာ စကားမူရင်းမှာ ပဲခူးတိုင်း၊ မကွေးတိုင်းတို့တွင်နေ ထိုင်ကြသော မြေပြန့် ချင်း“အ ရှို”စ ကားပင်ဖြစ် သည်။

သို့ရာတွင်နောက် ဝင်လာသူ တို့အားနေ ရာဖယ်ပေးခြင်းဖြင့် မိမိ တို့ ပြောင်းရွေ့နေ ထိုင်သောဒေ သရှိလူမျိုးများတို့၏ စကားသံ လွှမ်းမိုးမှု များကြောင့်အနဲငယ် မျှကွဲပြားမှု ရှိကြောင်း နားလည်ရ ပါသည်။ ထို့ကြောင့်မြန်မာ နိုင်ငံအလယ်ပိုင်းတွင်နေ ထိုင်သော မြေပြန့်ချင်းများနှင့် ရခိုင်ပြည် နယ်ဒေသ များတွင်နေ ထိုင်သော ချင်းများ သည် “သက်”မျိုးနွယ်မှာ ဆင်းသက် လာသော “ရှို”သို့မ ဟုတ်“အ ရှို”လူ မျိုး များပင်ဖြစ် ပါသည်။


အရှိုသမိုင်းအတွက် အရေးပါသော သက်တိုင်းရင်း သားများ အကြောင်း ကိုလည်း ဆက် လက်ဖေါ်ပြ လိုပါသည်။ အချို့သောသမိုင်း ပညာရှင်များက”သက်” ဟူသောဝေါ ဟာ ရ သည် ”သကျ” မှရွေ့ လာသော စ ကားဖြစ်၍ သက်လူ မျိုးများကို သာကီဝင်ဟု အချို့က ယူ ဆကြ သည်။


ပါမောက္ခလူ့(စ်)၏ အဆို အရ သက်လူမျိုးတို့ သည်မြန်မာပြည် တွင်တွေ့ရှိရသည့် တိ ဗက်မြန် မာ စ ကားပြော ဆိုသော လူမျိုး အုပ်စုများအ နက်ရှေးအ ကျဆုံးသော လူမျိုးအုပ်စုတစ် စုပင်ဖြစ် သည် ဟုဆိုကြသည်။

ထိုစဉ်က သက်တို့သည်မြန်မာနိုင် ငံမြောက်ပိုင်းမှ ဝင်ရောက်လာ ကာ မဏိပူရ၊ ကဘောချိုင့်ဝှမ်း၊ ဟူးကောင်း တို့ တွင်မူ လအခြေချနေ ထိုင်ခဲ့ကြသည်။ နယ်န မိတ်နှင့်သတ်မှတ်ပါက အနောက်မြောက် ဖက်မဏိပူရ ချိုင့်ဝှမ်းမှ အရှေ့ဖက်ဧရာ ဝတီမြစ်အ ထိပျံ့နှံ့နေ ထိုင်ခဲ့ကြသည်။


မြန် မာနိုင်ငံ အလည် ပိုင်းပု ဂံမြို့ထိ တိုင်အောင် ပျံ့နှံ့ခဲ့ဟန် လည်းရှိသည်။ အုပ်ချုပ်ရေး အာဏာ စက်သည် အဆို ပါဒေသများ တိုင်အောင် ပျံ့နှံ့ခဲ့သည်ဟုအတိ အကျမဖေါ်ပြနိုင်သော် လည်းရှေး သက်လူမျိုးတို့ ထိုဒေသများ တွင်နေထိုင်ခဲ့ကြောင်း ကိုးကားနိုင်သည်။


(ထွန်းရွှေခိုင်-“ရခိုင်ပြည်မြောက် ဖျားပိုင်းဒေသမှ သက်တိုင်းရင်း သားများ”ရန်ကုန်။ စစ်သည်တော် စာပေ တိုက်။ ၁၉၈၈။) ယူနန်၏အနောက် ဖက်ပိုင်းတွင် နားပေါက်မျိုးနွယ်အုပ်စု ရှိကြောင်းအေဒီ(၁) ရာစုရှေး တရုတ် တို့ကြားသိ ခဲ့ရသည်။


ထိုမျိုးနွယ် စုမှာ ဧရာဝတီမြစ်ညှာ ပိုင်းသို့ရောက်သော် ”သက်ကတူး” များဖြစ် မည်ဟု ယူဆရသည်။ ဤဝေါဟာရသည်နောင် အခါမြန်မာတို့ သိသော” နား ပေါက်”နှင့် ထပ်တူနေ လိမ့်မည်။ ဤထို အချက် ကိုမူတည်၍ ”သက်က တူး”တို့သည် ”ယှီးခန်(င်)”မှ ဧရာ ဝတီမြစ်ညှာပိုင်းသို့ ဆင်းလာကြောင်း ခန့်မှန်းနိုင်ခြင်းဖြစ် သည်။ ”စီးချွမ်း”နှင့်” ယူနန်” နယ်စပ် သည်မြန်မာတို့၏ နယ်မြေဖြစ် သည်။

သူတို့ကမြန်မာ တို့၏ နယ်မြေကိုမ ထိုးဖေါက်နိုင်သောကြောင့် ”ယှီးခန်(င်)”နှင့်” ယူနန်”နယ်စပ် သို့ရာက် လာပြီးမှ ဧရာ၀ တီမြစ်ညှာသို့ ဆင်းလာရသည်။ သို့ရာတွင်AD-၉-ရာစုရောက်သည့်အခါ ၎င်းတို့သည် ဟူးကောင်းတောင် ကြားနှင့် ဥဖရတ်ချောင်း ဖျားသို့ ရောက်နှင့်နေပြီးဖြစ်သည်။


ဤစကား”KO-LO-FEND”ကော်လော် ဖဲင့်၏စစ်ဆင် မှုကြောင့် ၎င်းတို့သည် အနောက် ဖက်သို့ တိမ်းရှောင် ခဲ့ခြင်းဖြစ် တန်ရာ သည်။ တရုတ်မှတ် တမ်းလာ”နားကြီး” နိုင်ငံသည် ဟူးကောင်း တောင်ကြား နှင့် ဥရုချောင်းဖျားကို ဆိုလို သည်။ နားကြီးဟူသော အမည်သည် တရုတ်တို့ပေးသော အမည် မဟုတ် ပါ။


နယ်ခြားဒေသမှ မျိုးနွယ်စု တစ်ခုခုကပေးသော အမည်ကို တရုတ်တို့က တိုက် ရိုက်ခေါ်ဆို ထားခြင်းဖြစ် သည်။ သက်အုပ်စု ကွဲသည် ဟူးကောင်း တောင်ကြားနှင့် ဥရုချောင်းဖျားမှချင်း တွင်းမြစ် အတိုင်း ဆင်းလားခံရာ မဏိပူရ သို့လည်းကောင်း၊ ဘင်္ဂလားဒေ့ချ် အရှေ့ဖက်သို့ လည်းကောင်း ပျံ့နှံ့သွားသည်။ ”ကတူ”အုပ်စု ကွဲတို့မူ ကားတကောင်း ဖက်သို့ရောက်ပြီး ထိုမှတဆင့်က သာမြစ်ကြီး နားဖက် သို့ပျံ့နှံ့သွားသည်။

ကတူး အုပ်စုကွဲသည် ဟူးကောင်းတောင် ကြားနှင်ဥ ရုချောင်း ဖျားမှဆင်းလာခဲ့ရခြင်း အကြောင်းမှာ ယူနန်နယ် အနောက်ဖက်မှ တက် လာသောထိုင်း (THAI)တို့သည် အာသံနယ်ထဲ သို့ဝင်ရောက် လာ ခဲ့ခြင်းကြောင့်ဖြစ် သည်ဟု ဆိုနိုင်ပေသည်။


ဤသို့သက် လူမျိုးတို့နေထိုင်ရာမြောက်ပိုင်း တစ်ခွင်မှမြန် မာပြည် အလယ်ပိုင်း ပုဂံ ၊ကျောက်ဆည်၊ သရက်ဒေသများသို့မည် သို့ရောက်ရှိခဲ့ကြရပါသနည်း။ ယင်း အကြောင်းနှင့် ပတ်သက်ပြီးဗိုလ်မှူးဘရှင်က-ထိုသို့မြန် မာပြည်မြောက် ပိုင်းအထက် ချင်းတွင်းဒေ သတစ် ဝိုက် တွင် အခြေချနေထိုင်ခဲ့ကြသော သက်လူမျိုးတို့ သည်နောက်ပိုင်း ဝင်ရောက်လာ သည့်ချင်းလူမျိုး များနှင့် နာ ဂ လူမျိုး များ၏ အခြေ ချဝင်ရောက်နေထိုင် လာမှု တို့ကြောင့် ထပ်မံအုပ် စုကွဲ ထွက် ကာတောင် ဖက် အ ရပ် သို့ တစ်ဆင့်တိုး ၍ရွေ့သွားခဲ့ ဟန်ရှိသည် ဟုဖေါ်ပြထား သည်။


ရခိုင် သမိုင်းမှတ် တမ်းများအရ -ရှေးရခိုင် ဘုရင်များ၏ လက်အောက် ခံဖြစ်ခဲ့သော ဘင်္ဂါ (၁၂)မြို့၊စစ် တကောင်းတောင် တန်းဒေ သမှ သက်များ တို့ကို”အနောက် သက်”ဟူ၍ခေါ်ဆိုကာ ရခိုင်ရိုးမ၏ အရှေ့ဖက် မင်းတုန်း၊ ကာမ (ယခုကံမ)၊ သရက်စသောနယ် များတွင်တွေ့ရသည့်သက်လူမျိုး များကို မူ ”အရှေ့သက်” ဟုခေါ်ဆိုခဲ့ကြသည်။


ဤသို့အုပ်စုနှစ်စု ကွဲကာတောင် ဖက်သို့ဆင်း လာသော သက် များအနက် ရခိုင်ပြည်မြောက် ပိုင်းနှင့် စစ် တကောင်းတောင် တန်းဒေသ သို့ရောက် ရှိသွားသော သက်များ သည်မ ဏိပူရနှင့် အထက်ချင်းတွင်းဒေသ မှတဆင့်ရောက် ရှိခဲ့ဟန်တူပေ သည်။


ရခိုင်ဒေ သခံသမိုင်း မှတ်တမ်း များအ ရ သက်တို့ သည် ရခိုင်ဒေသ သို့အေဒီ-၁၀ရာစုေ၀ သာလီ ခောတ် နှောင်းပိုင်း ၊လေးမြို့ခေတ် ဦး ပိုင်း ကာ လ တွင်ရောက်ရှိခဲ့ ဟန်တူပေ သည်။ ၎င်းတို့ ကားမြန် မာပြည် မြောက်ပိုင်း မှထွက်ခွာ လာသော အနောက် သက် အုပ်စုပင်ဖြစ်သည်။


အေဒီ-၉-ရာစုလောက် တွင်မြန် မာပြည်အ လယ်ပိုင်းကျောက် ဆည်ဒေ သ သို့မြန်မာများ အခြေချဝင်ရောက် လာ သော အခါ ထိုဒေသနှင့် တကွမြန် မာပြည်အလယ် ပိုင်းခြောက်သွေ့ဒေ သ တစ်ဝိုက်တွင် သက်လူ မျိုးတို့ရှိ နှင့်ပြီးဖြစ်ပေသည်။


ပုဂံနေပြည်တော် ၏ အရှေ့ဖက် (၈)မိုင် ခန့် အ ကွာတွင် ရှိသော တူရွင်း တောင် မှာ” သက် စိုးတောင်”ဟူ ၍ပုဂံခောတ် တွင်ခေါ် ဆိုရာ ထိုခေတ် က ထိုဒေသ တွင် သက်များ အုပ်စိုးခဲ့ သောတောင် ကုန်း များဖြစ် ခဲ့ကြောင်းဖေါ်ပြ လျှက်ရှိပေ သည်။


ဤသို့ဖြင့် ပုဂံခေတ်ဦး ပိုင်းမြန်မာများ သည်မြန်မာပြည် အလယ် ပိုင်းခြောက်သွေ့ ဇုန်စပါး ကျီဒေသ”Rice bowl in Dry Zone”ကိုလွှမ်းမိုး ထိန်းချုပ်နိုင်ရေးအ တွက်ကြိုးပန်း ရာတွင် အဓိကပြိုင် ဖက်မှာ သက်လူမျိုး များဖြစ်ပေ သည်။ မြန်မာများ၏ လွှမ်းမိုးမှုကြောင့်သ က်လူမျိုးတို့ သည် ဧရာဝတီမြစ်၏ အနောက် ဖက်ခြမ်း၊ ရခိုင်ရိုးမ တောင် တန်းကြီး များ၏ ဆင်ခြေလျောဒေ သများ ဖက်သို့ပြောင်းရွေ့နေ ထိုင် လာခဲ့ကြ ဟန်ရှိ သည်။


အကြောင်း မှာ-ရခိုင်ရိုးမ အရှေ့ဖက်ခြမ်းရှိ ”မစ္ဆဂီရိ”ခေါ်သ ရက်မြို့ သည် သက်တို့၏ အချက် အခြာမြို့တော်ဖြစ် ခဲ့သောကြောင့် ပင်ဖြစ် သည်။ မည်သို့ပင် ဆိုစေကာမူမြန်မာ တို့အခြေချ ဝင်ရောက် လာမှုသည် သက်လူ မျိုးတို့ အားရခိုင် ဖက်သို့ တွန်းပေး သည့်နှယ်ဖြစ်ခဲ့သည်။

အထက် တွင်ဖေါ်ပြ ခဲ့သော ”မစ္ဆဂီရိ” သက် မင်း” ကဒုံ”နှင့်နာ မည် ဆင်တူသည့် ဘုရင်တစ်ပါး သည်ရ ခိုင်ရိုး မ၏အနောက် ဖက်ခြမ်း”စိုင်း တင်”မြစ် ဝှမ်းဒေသ တွင် စိုးမိုးအုပ်ချုပ်ခဲ့ကြောင်းတွေ့ရ သည်။


စိုင်း တင်ဒေ သ၌ ယခုထိတိုင်နေ ထိုင်လျှက်ရှိသော သက်လူမျိုးတို့နှင့် ဘာသာစကား နီးစပ် သည့်”မြို(ခေါ်)ခမွီး” လူမျိုးများ၏ အစဉ်အဆက် ဆင့်ကဲဆင့်ကဲပြော ဆိုသော သမိုင်းများတွင် ဤဒေ သ အား” ငမောင်ကဒုံ (ခေါ်)ဧရာမလူ သား”တစ်ဦးက စိုးမိုးအုပ် ချုပ်မင်း လုပ်ခဲ့သည် ဟုဆိုကြသည်။

ယခုအခါပုဏ္ဏား ကျွန်းမြို့ နယ်တော ဖျားချောင်းရှိ ဆင်သေရွာ မရောက်မှီတွင်”သက် ကျိုင်းတောင်” ဟုခေါ်သောတောင် တစ်တောင် ရှိသည်။ ယင်းတောင် တွင် သက်မင်းစိုး စံခဲ့ရာဒေ သဖြစ်သည်ဟု လည်း ဆိုကြသည်။


အထက် တွင်ဖေါ်ပြခဲ့သည့် ငမောင် ကတုံး အုပ်ချုပ်ရာစိုင်း တင်ဒေ သနှင့်ရေကြော မြေ ကြော တ ဆက် တည်းဖြစ်သော အဆို ပါဒေသ သည် သက်များအခြေ ချနေထိုင်ခဲ့ သည့်ဒေသဖြစ် တန်ရာသည်။မည်သို့ပင်ဖြစ်စေမြို လူမျိုးတို့က ငမောင်ကဒုံ အမည်ကို စွဲကျန်ရစ်ခဲ့ သည်မှာ တစ်ချိန်ကသက်လူမျိုး တို့နှင့် ဒဏ္ဍာရီ သဖွယ် မှတ်ယူခဲ့ပြီးရောထွေး ယှက်နွယ်ကာ တစ်ဆင့်ကူး ယူဖောက် သည်ချခြင်း မျိုးလည်းဖြစ်နိုင် ပါသည်။ ဤသို့မြန် မာပြည်အလယ် ပိုင်း၌မြန်မာ များ ဝင်ရောက် အခြေချနေ ထိုင်မှုသည် သက်လူ မျိုးတို့ အား ရခိုင်ဖက်သို့ တွန်းပို့ပေး လိုက်မိသကဲ့သို့ အကျိုး သက်ရောက် မှုကိုဖြစ်ပေါ်စေ ခဲ့ပါသည်။


အေဒီ- ၁၀ -ရာစုလောက် တွင် ရခိုင်”မဟာ မုနိရုပ်ရှင်တော်” အားဖျက်ဆီး ခဲ့ကြသည့် တိုင်အောင် ဖြစ်ခဲ့ သည်ဟု ရခိုင်ရာ ဇဝင်များ၌ဖေါ်ပြ ထားသည်။  ဤအခြေ အနေ များကြောင့်အေ ဒီ၁၈-ရာစုနှောင်း ပိုင်း ဘိုးတော် ဘုရားကမြောက် ဦး(မြို့ဟောင်း)ကိုတိုက် ခိုက်သိမ်းယူသော အခါအံ့သြ ဖွယ်တွေ့ ရှိခဲ့ရသည့် မဟာမုနိဘုရား ရင်ပြင်တော်တွင် ထားရှိသော ”ယတြာ ခေါင်းလောင်း ”၏အင်း ကွက် တွင်သက်လူမျိုးကို လည်း ထည့် သွင်းဖေါ်ပြ ထားကြောင်းတွေ့ ရသည်။


ရ ခိုင်ပြည် နယ်ရှိ သက်လူမျိုးတို့သည် မိမိတို့ကိုယ်မိမိတို့ “အဆက်”သို့မဟုတ် ”အသက်”လူမျိုးဟုခေါ် ကြ သည်။”မိမိ ကိုယ်မိမိချစ်မြတ်နိုးသူ”ဟုအဓိပ္ပါယ်ရှိသည်။ ”သကျသာကီဝင်”လူမျိုးများဖြစ်ကြသည် ဟုဆိုပါ သည်။ ပါမေက္ခလူး(စ်)၏ အဆိုအရ သက်တို့ သည် မြန်မာနိုင်ငံ တွင်းရှိအစော ဆုံးသော တိ ဗက်မြန်မာ စကားပြောသော လူမျိုးများဖြစ်ကြသည် ဟုဆိုပါသည်။


သမိုင်း သုတေသီ ဦးရည်စိမ်က လည်း “ သမ္မတမြန် မာနိုင်ငံတော် အတွင်းရှိ တိုင်းရင်းသား ဘာသာစကား အစုများခွဲခြား တင်ပြခြင်း စာတမ်း”တွင် သက်တို့ ကို တိ ဗက်မြန်မာ အနွယ်ဝင်များ ဟုဖေါ်ပြ ထား ပါ သည်။


အ ဆို ပါသက် အုပ်စု တွင် - ကဒူး၊ ကနန်း၊ သက်၊ ဒိုင်းနက်၊ ကမန်၊ မလင်နှင့် အင်းကျယ်စသော တိုင်းရင်း သား များသည် မျိုးနွယ်တူများ အဖြစ်ပါဝင်သည် ဟုဆိုထားသည်။ မြန်မာနိုင်ငံမြောက် ပိုင်းတစ်ကောင်းဒေ သ၊ ဟူးကောင်းဒေသနှင့် မြန်မာပြည် အလယ် ပိုင်းဒေသတို့ တွင်နေထိုင် ခဲ့ကြသော သက်လူမျိုးများနှင့် မူးမြစ်ဝှမ်းဒေသ၊ တစ်ကောင်းဒေ သတို့တွင်တွေ့ ရသောကဒူး၊ ကနန်းတို့မှာ လည်း မိမိတို့ကိုယ် မိမိတို့ “အဆက်” ဟုခေါ်ကြသည်။


ထို့ကြောင့် ယခု မောင်းတော မြို့ နယ် တမန်းသာတွင် ရှိသောသက် လူမျိုးများ သည် တစ်ချိန်က အထက်ဖေါ်ပြပါဒေ သတွင် ကြီးစိုးနေ ထိုင်ခဲ့ကြ သောကဒူး၊ ကနန်းလူမျိုးများ တို့နှင့်မျိုးနွယ် တူ သို့မ ဟုတ် ၎င်းတို့မှဆင်း သက်လာ သူများဖြစ် လိမ့်မည်ဟုယုံ ကြည်ရပေသည်။


ယခုလက်ရှိ ရခိုင်ပြည် အတွင်းနေထိုင်သော သက်လူမျိုးများက မိမိတို့သည် ရခိုင်ပြည် မြောက်ဒေ သတွင်ရှိသော ဥက္ကာရစ် တိုင်းပြည်မှ ဆင်းသက်လာ သူများဖြစ်သည် ဟု ဆိုကြ သည်။ ရိုးမ၏တစ် ဖက် မြန် မာနိုင်ငံမှတ် တမ်းများ- မှန်တမ်းရာ ဇဝင်တော်ကြီး၏ ပထမအုပ်-ဆဌမ တွဲ- စာ- ၄၀၁/၄၀၃တွင် ရခိုင် မင်းကသ ရက်မြို့ကို လုပ်ကြံလာ၍ သရက်မြို့ပျက်လျှင် မင်းရှင်စောကို သားမ ယားနှင့် တစ်ကွ ရခိုင်သို့ ယူလေသည်။


ဤမျှဆိုလျှင်- AD-၉ရာစုနှောင်းပိုင်း အချိန်လောက်မှ စ၍ တောင်ဖက်သို့ ဆင်းလာခဲ့ကြသော သက်လူမျိုးများ၏ အခန်းကဏ္ဍ မှာပေါ် လွင်ထင်းရှား လာတော့ သည်။ ဖေါ်ပြခဲ့ပြီးသော သမိုင်းအခြေ အနေများ ကိုထောက်ရှုပြီး သက်လူမျိုးများသည် မိမိတို့နေ ထိုင်ရာ ပတ်ဝန်း ကျင် ရှိ လူမျိုးများတို့နှင့် လိုက် လျော  ညီထွေ စွာ ကူးလူးဆက် ဆံခဲ့ကြောင်းတွေ့မြင်ရသည်။


လူ့သမိုင်းဖြစ်စဉ် အရ ထိုခောတ် က ပဒေသရာဇ် မင်းများ အလိုကိုလိုက်၍ ပြောင်းရွေ့နေထိုင်ခဲ့ကြရသည်။ ရုန်းကန်လှုပ် ရှားခဲ့ကြရသည်။ ခောတ်ပြိုင်အခြေ အနေအရ ရခိုင်ပဒေသရာဇ်မင်း များနှင့် မြန် မာပဒေ သရာဇ်မင်းများကြားဝယ် နှစ်ဖက်စလုံးနှင့်ဆက်သွယ်နေ ထိုင်ခဲ့ကြရသည်ဆိုသော်လည်း ပုဂံခောတ်ကုန် ဆုံးပြီးနောက် မြန်မာ့ သမိုင်း၏အခန်းကဏ္ဍတွင် သက်တို့၏အခန်းကဏ္ဍမှာ တဖြေးဖြေးမှေး မှိန်ပျောက် ကွယ်လာခဲ့ သည်။ ပျူလူမျိုးများကဲ့သို့ တဖြေးဖြေးသွေးနှော သွားဟန်ရှိသည်။

ယခင်က သက်လူမျိုးနှင့် အနွယ် တူဖြစ်ခဲ့ ဟန်ရှိသော ကဒူးလူမျိုး အုပ်စုများကိုသာ မူးမြစ်ဝှမ်းဒေသတွင်တွေ့ရှိရပါတော့သည်။ရခိုင်ရိုးမ၏ အနောက် ဖက်ခြမ်းဒေသ တွင်နေထိုင်သော သက်တို့၏အ ခန်းကဏ္ဍမှာမူ ယနေ့အထိမှေး မှိန်ပျောက် ကွယ်ခြင်း မရှိသေးပဲ ရခိုင်ပြည်နေတိုင်းရင်း သားမျိုးနွယ်စု များဖြစ်ကြ သော ဒိုင်းနက်၊ မြို၊ ခမွီး၊ ကောက် ကဒွန်း စသောတိုင်းရင်းသား များနည်းတူ တိုင်းရင်းသားအချင်းချင်းအတူ တစ်ကွရောနှော်နေ ထိုင်လျှက် ရှိသည် ကို တွ့ရပါသေး သည်။


ကိုယ်ပိုင် ယဉ်ကျေးမှု ၊ကိုယ်ပိုင်ဘာ သာစကားတို့ဖြင့် ရခိုင်ဘုရင် လက်အောက် တွင် တစည်း တရုံးနေ ထိုင်ခဲ့ကြ သည်။ AD-၁၄၄၂-တွင်ရေးထိုးခဲ့သည့်စစ် ကိုင်းထူပါ ရုံကျောက် စာ တွင် “အင်းဝဘုရင် နရပတိ၏ဘိသိပ်ပွဲအခန်းအနား၌ သက်၊ မြို၊ ချင်းလူမျိုးတို့ကို အစိုးရသော မင်းသည်လည်း ပါဝင်သည်” ဟုရေး ထိုးထားကြောင်းတွေ့ရပါ သည်။

ထွန်း ရွှေ ခိုင် ၏ ဖေါ် ပြ ချက် များ အရ ထွန်းရွေခိုင်၏ဖေါ်ပြချက်များ အရ..မင်းတုံး၊ ကာမ၊သ ရက်ဒေသ များတွင်နေ ထိုင်ခဲ့ကြသော အရှေ့သက် များသည် မိမိတို့၏စ ကားကိုပြော ဆိုကြ ရာ၌..အရှို(မြေပြန့် ချင်း-တောင်ပိုင်း ချင်း) တို့ပြော ဆိုသောစ ကားနှင့် တစ် ထပ်တည်းနီး ပါး တူနေကြောင်း .သိရှိရပါသည်။


၎င်းတို့သည် မူလကမြန်မာပြည် အလယ် ပိုင်းဒေ သရခိုင်ရိုးမ အရှေ့ဖက်..နေ ရာဒေသများ၌....နေ ထိုင်လာခဲ့ရာ မှအချို့တို့မှာ...မြန် မာမင်းတို့၏စစ် ပွဲများ ကြောင့် လည်းကောင်း..နောက်ထပ် ဝင်ရောက် လာေ သာတိုင်းရင်း သား များအား..နေ ရာပေးရင်း လွန်ခဲ့ သောနှ စ်ပေါင်း များစွာ ကပင်..ရခိုင်ရိုး မတောင် တန်း များ...ရခိုင်ရိုးမ၏ အနောက် ဖက်ဒေ သများနှင့် ရခိုင်ပြည်မြောက် ဖျားပိုင်းဒေ သများ သို့ပြန့်နှံ့ရောက်နှင့် ခဲ့ပြီးဖြစ် သကဲ့သို့ အချို့တို့မှာ မူအ လယ်ရိုး မနှင့်အ နီး ရှိ လွင်ပြင်များ သို့ပင်ပြန့်နှံ့နေ ထိုင်ခဲ့ကြကြောင်း...နား လည်ရပါ သည်။


ရှေ့မှီနောက် မှီအရှို သက်ကြီး ဝါကြီး များ အားတွေ့ဆုံမေးမြန်း ရာ၌..မြန်မာပြည် အလယ် ပိုင်းဒေသ တွင်..နထိုင်ကြ ကုန်သောအရှို ချင်းတော် တော်များ သည်ဧရာဝတီမြစ် အရှေ့ဖက်မှနှစ်ပေါင်း များစွာကပင်ရခိုင်ရိုး မကြီးကိုဖြတ်ကျော် ကာရိုးမပေါ် ရှိချောင်းဖျားများ ၌ရေကြည် ရာမြက်နုရာ. .တောင် ယာ များခုတ်ထွင်စိုက်ပျိုး လုပ်ကိုင် စားသောက် ရင်း ရခိုင်ရိုးမနှင့်ဘင်္ဂလားပင်လယ်အကြား ရှိမြေနှိမ့်ဒေ သများ သို့ပြန့်နှံ့နေ ထိုင်လာခဲ့ကြ သည်ဟု ဆိုကြသည်။


အချို့ကလည်း ရှေးယခင် ကဆိုလျှင် ရခိုင်ရိုးမ အနောက် ဖက်အခြမ်း တွင်နေ ထိုင်သော အရှိုများတို့သည် ရခိုင်ရိုးမအရှေ့ဖက်ခြမ်းရှိ မိမိတို့၏ဆွေမျိုး များထံ ရခိုင်ရိုးမ ကိုဖြတ်ကျော်ပြီး သွားရောက် လည်ပတ်လေ့ ရှိကြောင်းဖေါ်ပြကြ သည်။


ဆရာဦးမိုး (သံတွဲ)၏၊..လက်ရေး မူကြမ်းမှတ်တမ်း “ရခိုင်ပြည် ချင်းနှစ်ခြင်းသာ သနာရာဇဝင်”၊စာ၅၊၆ တွင်..အမေရိကန် သာသနာပြု ဆရာမကြီး. Mrs. B.CThomas သည်..ဧရာ၀ တီအရှေ့ဖက်ခြမ်းရှိ အရှိုချင်းလူမျိုး တို့အား..သာ သနာပြုယင်း (၁၈၈၀)ခုနှစ်နွေ ရာသီတစ်နေ့ တွင်..ပြည်ခရိုင် ပန်းတောင်းမြို့ နယ်ရှိ အရှိုချင်းရွာ တစ်ရွာဖြစ်သော“ပဲကြီး” ချင်းရွာတွင် တရားပွဲတစ် ခုပြုလုပ်နေစဉ်တ ရားနာယူနေသော လူအုပ်ထဲမှအရှိုချင်း အမျိုးသားတစ်ဦး သည်အခြားသော တရားနာ ယူနေသူ များထက် ထူးထူးခြားခြား စိတ်ဝင်တစား တရားနာယူနေ သည်ကိုမြင်တွေ့ ရ၍....“သင်ဘယ် သူလဲ၊ဘယ် ကလာသလဲ” ဟုမေးမြန်းစုံ စမ်းရာထိုလု လင်က“ကျွန်တော် က၊သံတွဲခရိုင်၊ပြင် ကွင်းရွာက ဦးမြတ်သင်း ပါခင်ဗျာ”ဟုပြန် ၍ပြောခဲ့သည်။


ထို့ကြောင့်ဆရာမကြီး က မာကေဒေါ နိ လူဟုပင် အမည်ပေးခဲ့သည်ဟုဖေါ်ပြထားပါသည်။ ထိုသို့ရေကြည် ရာမြက်နုရာ တစ်နေရာမှ တစ်နေ ရာ သို့   ပြောင်းရွေ့နေ ထိုင်ခဲ့ကြသောအရှိုလူမျိုး တို့သည်မြန်မာနိုင်ငံ အလယ်ပိုင်း..ဧရာဝတီမြစ် အရှေ့ဖက် အခြမ်းတွင် လည်းကောင်း..ရခိုင်ရိုးမအရှေ့ ဖက် ဆင်ခြေ လျှောနေ ရာ များတွင်လည်းကောင်း..ရခိုင်ရိုး မတောင် တန်းများပေါ်၌ လည်းကောင်း..ဘင်္ဂ လားပင်လယ်နှင့် ရခိုင်ရိုး မအကြား ရှိ..ဒေသ များတွင် လည်းကောင်း..အချို့ ဆိုလျှင် ရခိုင်ပြည်မြောက် ဖျားပိုင်းသို့ တိုင်အောင် လည်းကောင်း၊ အချို့တို့မှာ အလယ် ရိုး မခြင်ခြေလျှောဒေ သများနှင့် လွင်ပြင်များ တွင် လည်းကောင်း ပြောင်းရွေ့နေ ထိုင် ခဲ့ကြောင်းနား လည်ရပါ သည်။


အထူး သဖြင့်ရခိုင်ဒေသများ သို့ပြန့်နှံ့ရောက်ရှိ သွားသောအရှိုများ တို့သည်မိမိတို့နေ ထိုင်ရာ ပထဝီဝင်နေ ရာဒေကို အစွဲပြု၍ ခမော(မြေပြန့်ချင်း (သို့)စိုင်ပေါင် (အခြားတိုင်းရင်း သားတို့ ကပေးသော အမည်)ဟူ၍ လည်းကောင်း၊ ကုန်းတူ(ရိုးမပေါ် တွင် နေထိုင်သူ(သို့) နားပေါက်ကျယ် (အခြားတိုင်းရင်း သားတို့ ကပေးသော အမည်)ဟူ၍ လည်းကောင်း၊စုန်း တူ(ပင်လယ်၀ တွင်နေထိုင်သူ) ဟူ၍လည်းကောင်း၊ လိုင်းတူ (မြေပျံ့မကျ၊ ကုန်းမကျ၊အ လယ်အလတ်ဒေ သများတွင်နေ ထိုင်သူ)မြို(ခေါ်) ခမွီးဟူ၍ လည်းကောင်း အသီး သီးမိမိတို့နေ ထိုင်ရာဒေ သများကိုအစွဲပြု၍ အမည်များခံ ယူနေထိုင်ခဲ့ကြ သည်။

အချို့ဆို လျှင် အများသော အခြားတိုင်း ရင်းသားများ အကြားနေထိုင် လာရာမှမိမိတို့ ဘာသာစကား ကိုမပြောဆိုတော့ပဲ မိမိတို့ကို မိမိတို့ဗမာ လူမျိုးဟုပင်ခံ ယူသွားသူများ လည်းတွေ့ရ သည်(ဂွမြို့ နယ်တ ဝှမ်း)။ ဤသို့မြန် မာပြည်သို့ ဝင်ရောက် လာသော...အရှေ့သက်တိုင်း ရင်းသား မျိုးနွယ်စုမှ......ဆင်း သက် လာသော .မြေပြန့် ချင်း(အရှို) တိုင်း ရင်းသားများ သည်.....ယခုအခါ Goblalization ကမ္ဘာ့လွမ်းခြုံ စနစ်အ ရ ပြည်ထောင် စုမြန် မာနိုင် ငံတော် အတွင်း၌ သာမကတော့ပဲ ကမာ အရပ်ရပ် သို့ပင် ပြောင်းရွေ့ အခြေချနေထိုင် လာပြီ ဖြစ် သည်။


မည် သို့ပင်ဖြစ်စေ အခြားတိုင်း ရင်းများနှင့် စာလျှင်လူ နည်းစုဖြစ်သော ကမ္ဘာအနှံ့ရှိအရှို များအနေဖြင့် မိမိတို့ ၏..သမိုင်းကြောင်း ကိုသိမြင်နား လည်ရန်၊အမျိုး သားရေးစိတ် ဓါတ်မြင့်မား ရန်နှင့်စည်း လုံးညီညွတ် စွာအမျိုးသား တိုးတက်ရေး လုပ်ငန်းများကို အတူတစ်ကွ လက်တွဲဆောင် ရွက်နိုင်ရန် အတွက်တင်ပြခြင်းဖြစ် ပါသည်။ အားနဲချက်များ အပေါ်နား လည်ပေး ကြပါရန် အထူးမေတ္တာ ရပ်ခံအပ်ပါ သည်။


မှီငြမ်းကိုးကားသောစာရင်း

၁။ “စံထွန်းအောင်။ ပြည်ထောင်စုကျေးလက်ပျော်ရွှင်မှုများ” ရန်ကုန်။-စာပေဗိမာန်၊-၁၉၉၉(ဒု-အကြိမ်)
၂။ “ဆရာဦးအုန်းမောင်။ ကျောင်းသုံးမြန်မာရာဇဝင်” ရန်ကုန်။-ဂန္ဒမာစာပုံနှိပ်တိုက်၊-၁၉၅၄(ပ-အကြိမ်)
၃။ “မြန်မာ့စွယ်စုံကျမ်း”  အတွဲ-၂။ ရန်ကုန်။-စာပေဗိမာန်။-၁၉၅၅
၄။ “တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ချင်း)” ရန်ကုန်။မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ။-၁၉၇၀
၅။ “Ba Shwe “Mission to Asho in Rakhine State”စာတမ်း။ MIT,B.D(Reserch Paper)1993.
၆။ ထွန်းရွှေခိုင်။“ရခိုင်မြောက်ဖျားပိုင်းဒေသမှသက်တိုင်းရင်းသားများ”ရန်ကုန်။စစ်သည်တော်စာပေ။၁၉၈၈
၇။ ဆရာဦးမိုး။ “ရခိုင်ပြည်ချင်းနှစ်ခြင်းသာသနာရာဇဝင်” (လက်ရေးမူကြမ်း)။
၈။ သိန်းဖေမြင့် “ဝိသေသတိုင်းသမိုင်းအစ” ရန်ကုန်။-စာပေဗိမာန်။-၁၉၆၇
၉။ စိုးမြင့်(မော်ကျွန်း) “ပုံတောင်ပုံညာ” ရန်ကုန်။-သဇင်ပုံနှိပ်တိုက်။၁၉၇၈
၁၀။ ပါမေက္ခလူး(စ်)“ရခိုင်ရာဇဝင်မှတ်တမ်း ”
၁၁။ ထွန်းရွှေခိုင်“ရခိုင်မြောက်ဖျား ပိုင်းဒေသမှသက်တိုင်းရင်းသားများ”

Asho In Global