နေထိုင်ကြသော ပထဝီဝင် ဒေသကို အစွဲပြု၍ စုန်းတူ (ပင်လယ် ဝ၌ နေ သူ များ)၊ ကုန်းတူ (ရိုးမတောင် တန်းပေါ်တွင် နေသူများ)၊ ခမော(သို့) စိုင် ပေါင် (မြေပြန့် တွင် နေသူများ)၊ လိုင်းတူ (ကုန်းမကျ၊ မြေပြန့် ဒေသ မကျ နေသူများ)၊ ခမွီး(မြို) ဟူ၍ အမည် နာမများ ရှိသော်လည်း လူမျိုး မှာ တစ်မျိုး တည်းပင် ဖြစ်သည်။ မိမိတို့ နေထိုင်သော ဒေသ တွင်းရှိ အခြား လူမျိုးများ၏ စကားသံ လွှမ်းမိုး မှုကြောင့် စကားသံ အတက် အ ကျ၊ အပေါ့ အလေး လေယူ လေသိမ်း အနဲငယ်မျှသာ ခြားနား ကြပါ သည်။

သို့သော်လည်း အရှို လူမျိုးများ အကြား စုန်းတူဖြစ်စေ၊ ကုန်းတူဖြစ်စေ၊ ခမောဖြစ်စေ၊ လိုင်းတူ ဖြစ်စေ အား လုံး အတွက် အရေး ကြီးဆုံးမှာ- “ဆိုး” (ဆင်းသက် လာသော အနွယ်/ မူလ အမည်) ပင်ဖြစ်သည်။ တနည်း ဆိုရ လျှင် အရှိုလူမျိုး တို့သည် ပင်မ ညီအစ်ကို (၄၆)ဦးတို့မှ ဆင်းသက် လာသော အဆက် အနွယ် များ ဖြစ် ကြ သည်ဟု သက်ကြီး ရွယ်အို များက ဆိုပါသည်။ ထို့ကြောင့် အထက်ဖေါ်ပြပါ ပထဝီဝင် နေရာ ဒေသကို လိုက် ၍ အမည်နာမ ကွဲပြား နေသော အရှိုများ အားလုံးသည် ထိုပင်မ ညီအစ်ကို (၄၆)မျိုးတွင် အားလုံး အတူ တ ကွ ပါဝင် ပတ်သက်လျှက် ရှိကြပါသည်။

ပါကျပဋိပါမောက္ခ ဒေါက်တာ ဖို့(ချ်) ဟင်းမား၏ မှတ်တမ်း အရ-
အရှိုလူမျိုးတို့၏ ကနဦး ညီရင်း အစ်ကို (၄၆)ဦး တို့၏ အမည် စာရင်းကို အောက်ပါ အတိုင်း ဖေါ်ပြ ပါသည်။
  ၁။  ဇပုတ်ဆိုး
  ၂။  မွန်းဇူးဆိုး
  ၃။  ပန်ဇီးဆိုး               
  ၄။  လေးပင်းဆိုး
  ၅။  ဇိင်းယိုင်းဆိုး
  ၆။  တလောက်ဆိုး
  ၇။  လှထောမ်းဆိုး
  ၈။  လေးပြန်းဆိုး
  ၉။  ခဇက်ဆိုး
၁၀။  ဇိင်းအိုင်းဆိုး
၁၁။  အလိင်းဆိုး
၁၂။  ဂေါ့စူးဆိုး
၁၃။  ခလီးဆိုး
၁၄။  မာန်အောမ်းဆိုး
၁၅။  အွမ်းဇုံမ်းဆိုး
၁၆။  ကျေးဇို့ဆိုး
၁၇။  ကဇမ်းဆိုး
၁၈။  ကလမ်းဇူးဆိုး
၁၉။  ဇောင်ရှီဆိုး
၂၀။  တန်း(ဂ်)ဆိုး
၂၁။  ပွေ(ထ်)ရီးဆိုး
၂၂။  မြင်တက်ဆိုး
၂၃။  ယိန်းဟောင်းဆိုး
၂၄။  မှိုဇို့ဆိုး
၂၅။  မှောင်းဇို့ဆိုး
၂၆။  ခတူးဆိုး
၂၇။  တုန်းကျောက်ဆိုး
၂၈။  မအီးဆိုး
၂၉။  မွန်ဒူးဆိုး
၃၀။  ခဇပ်ဆိုး
၃၁။  ထင်းဇို့ဆိုး
၃၂။  လှေးလှဲမ်းဆိုး
၃၃။  ပလန်းဆိုး
၃၄။  ထွန်းပုတ်ဆိုး
၃၅။  ဇိမ်းလှေးဆိုး
၃၆။  ပဇမ်းဆိုး
၃၇။  မူးဆိုး
၃၈။  ထောင်းဖောက်ဆိုး
၃၉။  ခေါင်ကြီဆိုး
၄၀။  နှေးဇို့ဆိုး
၄၁။  ယင်းဆိုး
၄၂။  ဇင်းဂျေးဆိုး
၄၃။  ပစပ်ဆိုး
၄၄။  လိမ်းဆိုး
၄၅။  ဟီဇိုးဆိုး
၄၆။  ပန်စိုင်ဆိုး

အထက် ဖေါ်ပြပါ အမည်စာရင်းတွင် “ဆိုး”ဟူသော အဓိပ္ပါယ်မှာ “အဆက်အနွယ်” သို့မဟုတ် ”သား”ဟု အဓိ ပ္ပါယ် ရှိသည်။ ရှေးက အိမ်တစ်အိမ်တွင် အလည်အပတ် ရောက်ရှိလာသော ဒေသခြင်းမတူသည့် အရပ်မှ ရောက်ရှိ လာသော အရှိုတို့ ဆုံမိကြ ပြီဆိုလျှင် တစ်ဦးနှင့် တစ်ဦး ဆွေမျိုး စစ်ကြသည့် အခါ မျိုးတွင် ဤ“ဆိုး” (သို့) “အဆက်အနွယ်” (၄၆)ဆိုးသည် ရွတ်ဆိုပြီး အမျိုးစပ်လေ့ ရှိကြသည်။ ယင်းသို့ ပြုလုပ်ခြင်း ကို “ခွန်ခိုစက်” ခြင်းဟု ခေါ်ကြသည်။ 
 
ခွန်ခို စက်ခြင်း အားဖြင့် မည်သူသည် မည်သည့် အမျိုးအနွယ် ဖြစ်ကြောင်း သိမြင်နားလည် နိုင်သည်ဟု ဆိုသည်။ ထို့အပြင် မိမိတို့သည် မည်သည့် မျိုးနွယ်မှ ပေါက်ဖွား ဆင်း သက် လာကြောင်း အသက်ကြီးသူ (ဘိုးဘေး)များက အသက်ငယ်သူ များကို ၏ နှုတ်တိုက် ရွတ်ဆို (Oral) နိုင်အောင် သင်ကြားသော အလေ့အ ထလည်း ရှိသည်။ တစ်ဦးနှင့် တစ်ဦး ဆွေမျိုး စစ်ဆေးရာ၌ အစ်ကို ကြီး (အကြီးဆုံး) မျိုးနွယ်/ အဆက်အနွယ်ဝင် ဖြစ်နေပါက အစစ အရာရာ ၌ ဦးစား ပေးခြင်း ခံရ သည် ဟုလည်း ဆိုသည်။ သို့သော် ထိုအဆက် အနွယ် အားလုံး၏ ပြောဆိုကြ သော ဘာသာစကား၊ မိရိုး ဖလာ ထုံးစံ၊ ကိုးကွယ် ယုံကြည်မှု၊ ယဉ်ကျေးမှု များမှာ- တစ်ခုနှင့် တစ်ခု အနည်းငယ် မျှသာ ကွား ခြားကြသည်။

အထက် ဖေါ်ပြပါ ဆိုး(သို့) အဆက် အနွယ် များသည် ယနေခေတ်တွင် အလွန် ဝေးလံသော အရှိုဒေ သများ ၌သာ အသုံး ပြုကြတော့သည်။ ဝမ်းနဲစရာ တစ်ခုမှာ- အများသော အရှိုတို့သည် -မိမိတို့သည် မည်သည့် ဆိုးမှ ဆင်း သက် လာကြောင်းကိုပင် မသိကြတော့ပါ။ အဘယ်ကြောင့် ဆိုသော် လက်ဆင့် ကမ်းမှု အား နည်းခြင်း၊ Globalization ကမ္ဘာ့ လွမ်းခြုံစနစ်၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး များကြောင့် အရှို များသည် နေရာဒေသ အနှံ့အပြားသို့ ရောက်ရှိ သွားကြ ပြီဖြစ်ရာ “ဆိုး” (ခေါ်) “အဆက် အနွယ်” စစ်ခြင်း ဓလေ့ မှာ လည်း မျက်မှောက် ခေတ် အရှို လူမျိုးများ အတွက် ဒဏ္ဍာရီ တစ်ခု ကဲ့သို့ တဖြေး ဖြေး အားပျော့ မှေး မှိန် ပျောက်ပျက် သွားမည့် အခြေအနေသို့ ဆိုက်ရောက် လျှက်ရှိ နေလေ တော့သည်။

Asho In Global