ပြည်ထောင်စု မြန်မာ နိုင်ငံ အတွင်း၊ တိုင်း ရင်း သား လူမျိုးများစွာ နေထိုင် လျှက်ရှိရာ ထို တိုင်းရင်းသား များအနက် ချင်းလူမျိုး တို့မှာ လည်း တိုင်း ရင်း သား တစ်မျိုး အဖြစ် ပါဝင် လျှက် ရှိပါ သည်။ ထိုချင်း လူမျိုး တွင် အဓိက အားဖြင့် (၂)မျိုး ရှိပါ သည်။
ယင်းတို့မှာ-
(၁)တောင်ပေါ်နေ ချင်း တိုင်းရင်း သားများ (Hill-Chin)နှင့်
(၂)မြေပြန့် ဒေသနေ ချင်း တိုင်းရင်း သားများ (Plain-Chin) တို့ဖြစ် ပါ သည်။
အထူးသဖြင့် မြေပြန့် ဒေသနေ ချင်း တိုင်းရင်းသား များကို အရှိုချင်း (Asho-Chin) ဟူ၍လည်း ခေါ်ကြ ပါသေးသည်။ အရှိုချင်း များသည် မြန်မာပြည် အလည်ပိုင်း ဒေသဖြစ်သော ပြည် ၊ တောင်တွင်းကြီး ၊အောင်လံ၊ အမ်း၊ မကွေး၊ မင်းဘူး၊ သရက်၊ မင်းတုန်း၊ ကမ္မ ဒေသများတို့ တွင်လည်းကောင်း၊ တောင်ငူ ခရိုင်တွင် လည်းကောင်း၊ ရခိုင်ရိုးမ တောင်တန်း၏ အနောက် ဖက်ခြမ်းရှိ ဂွ၊ သံ တွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မြေပုံ၊ ပလက်၀ အစရှိသော ဒေသ များနှင့် အတူ ရခိုင်ရိုးမ တောင် တန်း၏ အရှေ့ဖက်ခြမ်း -ဧရာ ဝတီမြစ်၏ အနောက်ဖက် ဒေသများတွင် ယခု တိုင်အောင် နေထိုင် ကြပါသည်။

ပထဝီဝင် နေရာ ဒေသ မတူ နေထိုင် ကြရသော ကြောင့် အနီး ပတ်ဝန်း ကျင်ရှိ အခြား တိုင်းရင်း သားများ၏ စကားသံ လေယူ လေသိမ်းများ၏ သြဇာ သက်ရောက် မှုကြောင့် အသံနေ အသံထား အချို့ ကွဲပြား နေသော်လည်း မြေပြန့်ချင်း များမှာ တစ်မျိုး တည်းသာ ဖြစ်သည်။


၂၁-ရာစုတွင် ခေတ်၏ စိမ်ခေါ် ချက် အမျိုးမျိုး ကြောင့် နိုင်ငံ ရပ်ခြား သို့ပင် သွားရောက် ရွေ့ပြောင်း လုပ်ကိုင် နေထိုင် မှုများလည်း ရှိနှင့်နေပြီ ဖြစ်သည်။ ထို့ကြောင့် အရှို အမျိုးသားချင်း မိတ်သ ဟာ ယ ဖွဲ့ နိုင်ရေး၊ မိမိတို့၏ ယဉ်ကျေးမှု အစဉ် အလာ ထုံး တမ်း ဓလေ့များ ပျောက် ပျက် မသွား စေ ရန်နှင့် တစ် ဦ်းနှင့် တစ်ဦး ဖေးမ ကူညီမှုများ ပေးနိုင်ရန် ရည်ရွယ် ချက်ဖြင့် ဤအင် တာ နက် စာမျက်နှာ အား ဆောင် ရွက် ရခြင်းဖြစ် ပါသည်။
ကမ္ဘာအရပ်ရပ်ရှိအရှိုချင်းများ (Asho In Global) 



ျပည္ေထာင္စု ျမန္မာ ႏိုင္ငံ အတြင္း၊ တိုင္း ရင္း သား လူမ်ဳိးမ်ားစြာ ေနထိုင္ လွ်က္ရွိရာ ထို တိုင္းရင္းသား မ်ားအနက္ ခ်င္းလူမ်ဳိး တုိ႔မွာလည္း တိုင္း ရင္း သား တစ္မ်ဳိး အျဖစ္ ပါ၀င္ လွ်က္ ရွိပါ သည္။ ထိုခ်င္း လူမ်ဳိး တြင္ အဓိက အားျဖင့္ (၂)မ်ဳိး ရွိပါ သည္။
ယင္းတို႔မွာ-
(၁)ေတာင္ေပၚေန ခ်င္း တိုင္းရင္း သားမ်ား (Hill-Chin)ႏွင့္

(၂)ေျမျပန္႔ ေဒသေန ခ်င္း တိုင္းရင္း သားမ်ား (Plain-Chin) တို႔ျဖစ္ပါသည္။

အထူးသျဖင့္ ေျမျပန္႔ ေဒသေန ခ်င္း တိုင္းရင္းသား မ်ားကို အရိႈခ်င္း (Asho-Chin) ဟူ၍လည္း ေခၚၾက ပါေသးသည္။ အရိႈခ်င္း မ်ားသည္ ျမန္မာျပည္ အလည္ပိုင္း ေဒသျဖစ္ေသာ ျပည္ ၊ ေတာင္တြင္းႀကီး ၊ေအာင္လံ၊ အမ္း၊ မေကြး၊ မင္းဘူး၊ သရက္၊ မင္းတုန္း၊ ကမၼ ေဒသမ်ားတို႔ တြင္လည္းေကာင္း၊ ေတာင္ငူ ခရိုင္တြင္ လည္းေကာင္း၊ ရခိုင္ရိုးမ ေတာင္တန္း၏ အေနာက္ ဖက္ျခမ္းရွိ ဂြ၊ သံ တြဲ၊ ေတာင္ကုတ္၊ ေက်ာက္ျဖဴ၊ ေျမပံု၊ ပလက္၀ အစရွိေသာ ေဒသ မ်ားႏွင့္ အတူ ရခိုင္ရိုးမ ေတာင္ တန္း၏ အေရွ႕ဖက္ျခမ္း -ဧရာ ၀တီျမစ္၏ အေနာက္ဖက္ ေဒသမ်ားတြင္ ယခု တိုင္ေအာင္ ေနထိုင္ ၾကပါသည္။
 
ပထ၀ီ၀င္ ေနရာ ေဒသ မတူ ေနထိုင္ ၾကရေသာ ေၾကာင့္ အနီး ပတ္၀န္း က်င္ရွိ အျခား တိုင္းရင္း သားမ်ား၏ စကားသံ ေလယူ ေလသိမ္းမ်ား၏ ၾသဇာ သက္ေရာက္ မႈေၾကာင့္ အသံေန အသံထား အခ်ဳိ႕ ကြဲျပား ေနေသာ္လည္း ေျမျပန္႔ခ်င္း မ်ားမွာ တစ္မ်ဳိး တည္းသာ ျဖစ္သည္။

၂၁-ရာစုတြင္ ေခတ္၏ စိမ္ေခၚ ခ်က္ အမ်ဳိးမ်ဳိး ေၾကာင့္ ႏိုင္ငံ ရပ္ျခား သို႔ပင္ သြားေရာက္ ေ႐ြ႕ေျပာင္း လုပ္ကိုင္ ေနထိုင္ မႈမ်ားလည္း ရွိႏွင့္ေနၿပီ ျဖစ္သည္။ ထို႔ေၾကာင့္ အ႐ိႈ အမ်ဳိးသားခ်င္း မိတ္သ ဟာ ယ ဖြဲ႕ ႏိုင္ေရး၊ မိမိတို႔၏ ယဥ္ေက်းမႈ အစဥ္ အလာ ထံုး တမ္း ဓေလ့မ်ား ေပ်ာက္ ပ်က္ မသြား ေစ ရန္ႏွင့္ တစ္ ဦ္းႏွင့္ တစ္ဦး ေဖးမ ကူညီမႈမ်ား ေပးႏိုင္ရန္ ရည္႐ြယ္ ခ်က္ျဖင့္ ဤအင္ တာ နက္ စာမ်က္ႏွာ အား ေဆာင္ ႐ြက္ ရျခင္းျဖစ္ ပါသည္။

ကမာၻအရပ္ရပ္႐ွိအ႐ိႈမၽ်ား (Asho In Global)